မိုးစက်တွေကြွေ
မြေမှာခပေမဲ့
ခြေရာမပြနိုင်တာက
ရင်ထဲကဒဏ်ရာတွေလေ...
တိမ်ရောင်တွေပြို
လျှပ်ရောင်တွေစိုလို့
ထစ်ချုန်း မစဲအောင်ရွာချပေမယ့်
တမ်းတသူ အပူလွမ်းကို
ရင်အေးအောင် မစွမ်းနိုင်တာ
သိစေချင်တယ်လေ...
လေအဝှေ့မှာ
သင်းပျံ့တဲ့ ပန်းရနံ့တွေ
ဘ၀င်တွေ့အောင်
ရှူရှိုက်ရပေမယ့်
ယစ်မူးစွာ တပ်မက်ခဲ့တဲ့
ချစ်သူရနံ့လေးကိုမမှီ....
လေရယ်...
မင်းသယ်ဆောင်လာတဲ့
စံပယ်ရနံ့လေးလည်း
ငါ့ကိုမဖြားယောင်းနိုင်ဘူးလေ...
အိုကွယ်...
မခံစားရအောင်
မိုးတွေရယ်မရွာ
လေပြည်မှာ ရနံ့မသင်းစေဖို့
တောင်းဆုချွေစိတ်ဆန္ဒ
လိုမှမလိုအပ်တော့တာ
ချစ်သူက... သတိတရရှိရင်ပေါ့လေ...။
No comments:
Post a Comment