.jpg)
ကြယ်တွေစုံတဲ့ည
ကောင်းကင်ဆီ မျှော်မှန်းရင်း
အတွေးများ မင်းဆီ ဖြန့်ထားခဲ့...
ဟိုးအဝေးဆီက
အပြာရောင်တောင်တန်းများ ဆစ်ဖက်မှာ
မင်းရှိနေမလား။
လရောင်ရဲ့ ရင်ခွင်က
တောင်တန်းများ အကြား
ဧ၀ရက်ရယ်လို့မခွဲခြားတတ်သလို
မင်းရှိမဲ့အရပ်ကို
မှန်းဆရ ခက်လိုက်တာ။
ဓူဝံကြယ်သည်
မြောက်အရပ်မှာ ရှိပါသည်လို့
ငယ်စဉ်ကလို ရွတ်ဆိုမိတော့လည်း
ကိုယ့်ရဲ့တည်နေရာ
ကိုင်တိုင်မသေချာတဲ့အဖြစ်
မင်းရှိရာကို
ဘယ်လိုမှန်းဆရပါ့
ဘယ်လိုပင်ဖြစ်ဖြစ်
ဘယ်နေရာပဲ ရောက်ရောက်
ဘယ်အရပ်မှာ နေနေ
ကိုယ့်နှလုံးသားက
အကြင်နာစကား
မင်းနှလုံးသားလွင်ပြင်ရပ်ဝန်းဆီ
မှန်းဆ၍...
လေပြည်နှင့်အတူ
အမှာတော်ပါးလိုက်ပြီ။
No comments:
Post a Comment