
အလွမ်းတွေနဲ့ အခန်းဖွဲ့ထားတဲ့ ဇာတ်လမ်းတစ်ပုဒ်မှာ
အနမ်းတွေကလည်းက တစ်ကဏ္ဏအနေနဲ့ပါဝင်နေခဲ့တယ်
ကြည်နူးစရာပုံရိပ်တွေ သက်တမ်းရင့်လို့
အလွမ်းသွင်ပြောင်းအောင်
တိုက်စားခဲ့တဲ့အချိန်ကြောင့်
နာရီကိုတောင် ခဏခဏ မကြည့်မိတော့ဘူး
အဆုံးသတ်ကိုသိခဲ့တဲ့ ဇာတ်လမ်းတစ်ပုဒ်ပေမယ့်
ပြောင်းလဲခဲ့လေမလား မျှော်လင့်ချက်နဲ့
ကံဇာတ်ဆရာကို စိန်ခေါ်မိခဲ့သေးတယ်
ဆုံဆည်းခဲ့ရခြင်းက ရေစက် ရယ်လို့ဆိုခဲ့ရင်
ကောင်မလေးရယ် အကြောင်းပြချက်မရှိဘဲ
လွမ်းနေရအောင်
လူတွေက ခွဲခွာခြင်းဆိုတာကို
အမည်နာမ မတပ်ခဲ့လေရော့သလား.....
ကြယ်စင်သန့်


No comments:
Post a Comment